မတ္တရာမြို့နယ် ချောင်းပေါက်ကျေးရွာတွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

မတ္တရာ ဧပြီ ၂၀

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ချောင်းပေါက်ကျေးရွာတွင် ယမန်နေ့ညနေက နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူလူထု ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ် တစ်လုံး ဆုံးရှုံးခဲ့ကာ လူတိရစ္ဆာန်နှင့် အခြားအဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချောင်းပေါက် ကျေးရွာနေ ဘော်ဂဟေလုပ်ငန်းလုပ်ကိုင်သူ ကိုနိုင်ဖြိုးသူ၏ နေအိမ်တွင် အသက် () နှစ်အရွယ် တူဖြစ်သူမှ ဘော်ဂဟေလုပ်ငန်းတွင် အသုံးပြုသော ဖားဖိုအားဆော့ကစားရာမှ မီးပွားလွင့်စင်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖားမီးဖိုအား ပေါ့လျော့စွာထားရှိသူ နိုင်သူဖြိုးအား မတ္တရာမြို့မစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး (မတ္တရာ)