ပေါင် ဧပြီ ၁၉
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ဝါရီရူခန်းမနှင့် ရင်ငြိမ်းကျေးရွာဓမ္မိကာရုံကျောင်းတို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အကြား၊ အသက် (၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ဆေးထိုးခြင်း လုပ်ငန်းတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်းမှ ကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးရန် လာရောက်သည့် ဒေသနေ ပြည်သူများအား စာရင်းရေးသွင်းခြင်း၊ မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်အနေဖြင့် စုစုပေါင်း(၃၉၀)ဦးကို စတင်ထိုးနှံပေးခဲ့ပြီး ၂၀၂၂ခုနှစ် မေလ(၁၇)ရက်နေ့တွင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဇာစိုး