ဗဟန်း ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိရပ်ကွက် နေပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်းတစ်ဦး တစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး (၆) လနှင့်အထက်၊ အသက် (၅၀) နှစ်ပြည့်သည့်ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက်ပိုင်း တွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မဂ်လာစျေးဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်း လုပ်ငန်းများ ကွင်ဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက်တွင် သတ်မှတ်အုပ်စုများအလိုက်၊ ရဟန်း၊ သံဃာများနှင့် ပြည်သူများအား လိုက်လံစည်းရုံးခေါ်ယူ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုတစ်ဦး တစ်ယောက်မကျန် ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကိုမြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အပူချိန်တိုင်း တာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက် ပေးပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များ နှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေး များထိုးနှံ ပေးကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက် ထိုးနှံကြသူများကို၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း၊ အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူပေါင်း၍ ဆေးထိုးနှံရန်လာကြသူများကို အဆင်ပြေချော်မွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်။
အဆိုပါ ကာကွယ်ဆေးလာရောက် ထိုးနှံသူများအား ပုံမှန်အနေအထားရှိသူများကို သာဆေးထိုးပြီးမိနစ်(၃၀)အကြာ စောင့်ဆိုင်း ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)