မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်မီးလန့်မှုမရှိစေရေး အစိုးရရုံးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ဒဂုံဆိပ်ကမ်း   ဧပြီ  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မြို့နယ်အတွင်းရှိ နွေရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်မီးလန့်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်းလွင်မှဦးဆောင်၍ တပ်ဖွဲ့ဝင်များဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌာနဆိုင်ရာရုံးများဖြစ်သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ မီးလောင်မီးလန့်မှုမရှိစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် လိုက်လံ စစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးသတ်ဆေးဘူးစနစ်တကျအသုံးပြုနည်းကို ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အတွင်း ကျန်ရှိနေသေးသည့် ဌာနဆိုင်ရာရုံးများကိုလည်း ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီထွန်းလွင်ထံမှ သတင်း ရရှိသည်။

လဲ့လဲ့