ပုဗ္ဗသီရိ ဧပြီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာ ဗဟုသုတ များစွာရရှိပြီး တွေးခေါ်မှု မြင့်မားလာစေရန်၊ လူတော်လူကောင်းများ အဖြစ်ခြင်းဖြင့် ရွှေရောင်အနာဂါတ်ကို ပိုင်ဆိုင်ကြစေရန်ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ထိုနောက် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ ပြသသည့် ကလေး အလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ပြိုင်ပွဲသို့ လာရောက်သည့် လူငယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များအား ဗလ ငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးရေးအတွက် သင်တန်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့် ဟောပြောပွဲများ စသည့် အသိပညာပေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်ပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)