တံတားဦး ဧပြီ ၁၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ယမန်နေ့ညနေ (၇) နာရီခွဲအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စေတီတောအချို့ထီးတော်များစောင်းသွားခြင်၊ လူနေအိမ်များ ပျက်စီးဆုံးရှုံး ခြင်းနှင့် မြို့တွင်းလမ်းမကြီးများအချို့ပေါ်သို့ သစ်ကိုင်းများနှင့် လျှပ်စစ်မီးတိုင်များ ကျိုးကျ ပျက်စီး ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် တံတားဦးမြို့ အမှတ် (၂) ရပ်ကွက်ရှိ မင်္ဂလာစေတီနှင့် ဟံသာဝတီကျေးရွာအုပ်စုရှိ လေးမျက်နှာစေတီတော်တို့ ထီးတော်များ စောင်းသွားပြီး အမှတ်(၁) ရပ်ကွက်တွင် အိမ်ထောင်စု(၃)စု၊ လက်ပန်ဇင်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၈)စု၊ အိမ်ကန်ကျေးရွာ အုပ်စုတွင် အိမ်ထောင်စု(၁)စု၊ ဟံသာဝတီကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃)စု၊ ငါးရာပြား ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၉)စု၊ ပေါက်မြိုင်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၁၅)စု၊ ခေါင်းကွဲ ကျေးရွာ အုပ်စုတွင် (၁၈)စု၊ ဈေးချိုကျေးရွာအုပ်စုတွင်(၂)စု၊ လက်ဆောင်ယူကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၄)စု၊ မီးသွေးတိုက်ကျေးရွာအုပ်စုတွင်(၁၀)စု စုစုပေါင်းအိမ်ထောင်စု(၈၁)စု ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးရုံးမှသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် စေတီတော်များ ထီးတော်စောင်း ခြင်းအား တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဂေါပကအဖွဲနှင့် အလှူရှင်များစုပေါင်း၍ ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
ရဲတင့်