လယ်ဝေး ဧပြီ ၁၉
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းကို ဧပြီ ၁၉ ရက်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရ က စီမံကိန်းကျေးရွာအဖြစ် ရွေးချယ်ရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီသည့် ဥသျှစ်လှိုင်းရွာ၊ ပန်းညိုစမ်းရွာ၊ အောက်ချိုင်းရွာ၊ ရွာသစ်ကြီးရွာ၊ လေးကသိန်းရွာ၊ မြိုင်သာယာရွာ၊ ပြောင်ခေါင်းလေးရွာ၊ ဂွေ့ကြီးရွာ စသည့် ကျေးရွာ( ၈ )ရွာအားရွေးချယ်ခဲ့သည်။
လယ်ဝေးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ၂၀၁၄ခုနှစ်မှ ၂၀၂၂ခုနှစ်ထိ (၃၆) ယူနစ် (၃၈) ရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးထံမှသိရသည်။
မြို့နယ် (ပြန်/ဆက်)