ဇေယျာသီရိ ဧပြီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို လူငယ်များအနေဖြင့် အင်္ဂလိပ်စာစွမ်းရည်နှင့် အင်္ဂလိပ်စကားပြော တိုးတက်မြှင့်မားလာစေရန်နှင့် အင်္ဂလိပ်စကားပြောဆိုရာတွင် ရဲရင့်စွာပြောဆိုတတ်စေရန် ရည်ရွယ်ချက် ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ယင်းပြိုင်ပွဲမှ အကောင်းဆုံးဆုရရှိသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ကလေးငယ်များပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပူဖောင်းညှပ်၊ ပူဖောင်းထိုင်၊ ဂေါ်လီပြစ်၊ ဂေါ်လီသယ်၊ စာအုပ်ရွက်၊ သရေကွင်းသယ် ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)