ပေါက်တော ဧပြီ ၁၉
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူ များအား နဝမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ် ထားသော ဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်စေရန် မြို့နယ်အထွေထ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နဝမအသုတ်(ပထမ)အကြိမ်ကို ယမန်နေ့က အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ(၁၁၄)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
ပေါက်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဧပြီလအတွင်း ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် ရာခိုင်နှုန်းမှာ ဧပြီလ (၁၈)ရက်နေ့အထိ (၈၂.၅၇)ရာခိုင်နှုန်း ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)