ပင်းတယ ဧပြီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပင်းတယမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငွေကြေး ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ပင်းတယမြို့နယ်အတွင်းရှိ ကိုယ် ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ပင်းတယ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေအသင်းဥက္ကဋ္ဌ၊ ပင်းတယလူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်သည်။
ယနေ့ထောက်ပံငွေပေးအပ်ပွဲအခမ်းအနားတွင် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ကိုယ်ဝန်ဆောင်ကာလ (၂) လလျှင်(၁၅၀၀၀/-)၊ (၃)လလျှင် (၃၀၀၀၀/-)၊(၄)လနှင့်အထက်(၄၅၀၀၀/-)ကျပ်နှုန်းဖြင့် ကိုယ်ဝန်ဆောင် မိခင်(၁၄၄၅)ဦးနှင့် ကလေး(၈၃၉)ဦး စုစုပေါင်း (၂၂၈၄)ဦးတို့အား ထောက်ပံငွေ ကျပ်သိန်းပေါင်း(၉၉၇၉၅၀၀၀/-) ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပင်းတယ(ပြန်/ဆက်)