မိုးညှင်း ဧပြီ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများနှင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပို့ချပေး လျက်ရှိကြောင်း သိရသည်။
ထိုသင်တန်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများကို ရတနာခန်းမ၌ သင်ကြားပို့ချပေးလျက်ရှိပြီး ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို သက်ဆိုင်ရာဌာနအသီးသီး၌ သင်ကြားပို့ချပေးလျက်ရှိရာ ဧပြီလ(၁၉)ရက်နေ့တွင် မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာမဉ္ဇူမင်းက Problem Solving Skills and Decision Making Skill at Work နှင့်ပတ်သက်၍ သင်ကြားပို့ချဆွေးနွေးပေးခဲ့ရာ အဆိုပါ ဆွေးနွေးမှုအပေါ် တက်ရောက်လာကြသည့် ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမကြီးများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မိုးညှင်းတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ သင်ကြား/စီမံဌာနများနှင့် ဘာသာရပ်ဆိုင်ရာအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)