ပူတာအို ဧပြီ ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက မချမ်းဘော့မြို့ တောင်တန်းသာသနာပြု ကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာတော် ဆွမ်းကိစ္စ အဆင်ပြေစေရန်အတွက် ဧပြီ(၁၈)ရက် နံနက်(၉)နာရီခွဲက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်ဆန်တော်လှူ ဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယဲမင်းသွင်နှင့် တာဝန်ရှိသူများက မချမ်းဘော့မြို့ တောင်တန်းသာသနာပြုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ထပညာဝရ ဆရာတော်ထံ ဆွမ်းဆန်နှစ်အိတ် သုံးပြည်နှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်