ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Astra Zeneca၊ Sinopharm၊ Covidshield များ ဆက်လက်ထိုးနှံပေး

ဝမ်းတွင်း  ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်း များကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက် ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအား ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ရှိကြောင်း သိရသည်။

ယခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအရောက် ထိုးနှံပေးခြင်း၊ သတ်မှတ်ထားသော စုရပ်များနှင့် မြို့အဝင်ဂိတ်တို့၌ ထိုးနှံပေးရာတွင် မြို့ပေါ် ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ အသက် (၆၅) နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများ ကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဝမ်းတွင်းမြို့နယ် အနေဖြင့် ယမန်နေ့က Astra Zeneca First Dose Phase.9 အဖြစ်(၄၀)ဦး၊Sinopharm First Dose Phase.9 အဖြစ် (၄၀) ဦး၊ Covidshield Second Dose Phase.8 အဖြစ် (၄၉၅) ဦး၊ BoosterDoseCovaxin (၁၀) ဦး၊ စုစုပေါင်းပြည်သူ (၅၈၅) ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးများ ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး အတွက် သက်မှတ်ထားသော ဆေးထိုးစုရပ်များအပြင် မြို့အဝင်ကျန်းမာရေး စစ်ဆေးဂိတ် ဖွင့်လှစ်၍ ထိုးနှံပေးခြင်း၊ နေအိမ်များအရောက် ကွင်းဆင်း၍ ထိုးနှံပေးခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ စေတနာ လုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင် (ဝမ်းတွင်း)