နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

နွားထိုးကြီး  ဧပြီ  ၁၉

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီမှ စ၍ မြို့နယ် မိခင်ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုအထောက်အကူပြု အသင်းနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ Covi shleldအမျိုးအစားဖြစ်ပြီးအသက် (၁၈)နှစ် အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူ(၁၁)ဦး (11 Dose) ထိုးနှံလျက်ရှိပြီး အသက် (၁၈)နှစ် အထက်ပြည်သူ(၁၅၀၄၁၁)ဦးလျာထားပြီး ယနေ့တွင် (၂၄၉၅)ဦး ထိုးနှံပေးရာ စုစုပေါင်း (၁၁၆၅၀၈) ဦး ဆေးထိုးပြီးဖြစ်သည်။ ကျန်ရှိသူ (၂၆၀၈၂)ဦး ဖြစ်၍ ၇၇.၄၆ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ် ကြောင်းကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိပြည်သူများကိုလည်း သတ်မှတ် ဦးစား ပေးအုပ်စု အလိုက်ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်