တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ သောက်သုံးရေလိုအပ်နေသည့် တောရွာသို့ရေဂါလံ ၁၆၀၀ လှူဒါန်း

ညောင်ဦး  ဧပြီ  ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦး မြို့နယ် တောင်ဇင်းတိုက်နယ်ရှိ တောရွာသို့ ယနေ့ နံနက် ၁၁နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

အဆိုပါ တောကျေးရွာသည် ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်း နွေရာသီရောက် တိုင်းသောက်သုံးရေရှားပါးနေခြင်းကြောင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ တောင်ဇင်းနယ် မြေမီးသတ်စခန်းအနေဖြင့် မိမိဌာနလုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ကျေးလက်နေ ပြည်သူများ/ဘုန်းတော်ကြီးကျောင်းများမှ သောက်သုံးရေအကူညီတောင်းခံလာခြင်းကို တောင်ဇင်နယ်မြေမီးသတ်စခန်းပိုင် မီးသတ်ရေသယ်ယာဉ်ဖြင့် တောင်ဇင်းတိုက်နယ် တောကျေးရွာအတွက် ရေဂါလံ၁၆၀၀၊ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောကြား၍ သိရသည်။

ကိုထိန်၊KPD