သိန္နီမြို့ ပိန်းအွယ် ဘုန်းတော်ကြီးကျောင်းရှိ သာမဏေများနှင့် ဘုန်းတော်ကြီးကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ထိုးနှံပေး

သိန္နီ ဧပြီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ပိန်းအွယ်ဘုန်းတော်ကြီးကျောင်းရှိ သာမဏေ များနှင့် ဘုန်းတော်ကြီးကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သိန္နီမြို့၊ ပိန်းအွယ် ဘုန်းတော်ကြီးကျောင်းတွင် ထိုးနှံပေးခဲ့သည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက အဆင်ပြေစွာဆေးထိုးနှံရေး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၅)နှစ်နှင့် (၁၈)နှစ်ကြားရှိ သာမဏေများနှင့် ဘုန်းတော်ကြီးကျောင်း သားများကို Sinovac ထိုးနှံပေးခြင်းဖြစ်ပြီး သာမေဏေနှင့် ဘုန်းတော်ကြီး ကျောင်းသား (၁၂)ပါးအား ဆေးထိုးနှံပေးခဲ့သည်။ သိန္နီမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံ ခြင်း စုရပ်များတွင်လည်းကောင်း၊ Mobile စနစ်ဖြင့်လည်းကောင်း တစ်မြို့နယ်လုံး ထိုးနှံပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ သိရသည်။

စောဥမ္မာ (သိန္နီ)