နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်ရှိ အသက်-၁၂ နှစ်အထက် သံဃာတော်များအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံ

နောင်ချို ဧပြီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်ရှိ အသက် ၁၂ နှစ်အထက် သံဃာတော်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က အဆိုပါစာသင်တိုက်၌ ထိုးနှံပေးခဲကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တိုးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လိုက်လံကြည့်ရှုကြည်ညိုခဲ့ကြပြီး လိုအပ်သည့်စီမံမှုများ ဆောင်ရွက်စေခဲ့ကြောင်း၊ စိန်ရတနာပရိယတ္တိစာသင်တိုက်ရှိ အသက် ၁၂ နှစ်အထက် သံဃာတော် (၂၉)ပါးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသော သံဃာတော်နှင့် သီလရှင်များကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)