မိုင်းဖြတ် ဧပြီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD) ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး (Covaxin)ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရေားဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းခင်ပပကျော် ဦးစီးသည့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD) ဒုတိယအကြိမ် (၁၁၀)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး (၁၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့အတူ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန် လျာထားဦးရေ(၂၁၂၁၆)ဦးအနက် ယခုအခါ လျာထား ဦးရေ၏ (၈၈.၈၀)ရာခိုင်နှုန်းအထိ ထိုးနှံပြီးစီးပြီး ဆက်လက်ထိုးနှံရေးအတွက် ကျေးရွာအုပ်စုများသို့ (Mobile Team) ဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)