ဘီးလင်း ဧပြီ ၁၉
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ရှင်သာမ ဏေများ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့)မှ စတင်ဆောင်ရွက်လျှက်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျှက် ရှိရာ ဧပြီ၁၇ရက်မှ ယမန်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း ၁၅၃ ဦး ရှိကြောင်းသိရသည်။
ထူးနောင်(ပြန်/ဆက်)