သင်္ဃန်းကျွန်း ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေး အစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား COVID SHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်လမ်း ပုညကာရီဓမ္မာရုံ၌ ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဧပြီ ၁၈ ရက်နေ့တွင် COVID SHIELD ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၂၅) ဦးနှင့် ဒုတိယအကြိမ်ထိုးနှံသူ (၂၂)ဦး၊ COVID SHIELD (Booster)ထိုးနှံသူ (၁၃)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး