ကျောက်မဲမြို့တွင် ကားဖြင့်လှည့်လည်၍ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္စျာယ်

ကျောက်မဲ ဧပြီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် မြို့သူမြို့သားများ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးစေရန်အတွက်ရည်ရွယ်၍ မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ဧပြီလ(၁၇) ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်မှစ၍ မြို့နယ်သံဃာ့နာယက ဆရာတော်ဦးဆောင်သည့် သံဃာတော် ၁၀ ပါးတို့သည် မြို့တွင်း ၉ ရပ်ကွက်သို့ ကားဖြင့်လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊ ပရိတ်ရေ ၊ ပရိတ်သဲ ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ဆန်းတစ်ရက်‌နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးနှင့် မြို့နယ်ရုံးများ၌လည်း အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)