ရေး ဧပြီ ၁၈
ရေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ရေရှားပါးသည့် ဘုန်းတော်ကြီးကျောင်းများသို့ မြန်မာနှစ်သစ်ကူး နှစ်ဦးအလှူအဖြစ် သောက်သုံးရေ စုစုပေါင်း (၃၀၃၇၅) ဂါလံကို ကုသိုလ်ပြု လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။
သောက်သုံးရေရှားပါးသည့် ဘုန်းတော်ကြီးကျောင်းများသို့ ရေလှူဒါန်းပေးခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်ဦး၍ ပရဟိတအဖွဲ့များနှင့် ရပ်ကွက်/ ကျေးရွာများအတွင်းရှိ လူငယ်များ စုပေါင်း၍ ဘုန်းတော်ကြီးကျောင်း (၂၈)ကျောင်းသို့ စုစုပေါင်း သောက်သုံးရေ (၃၀၃၇၅)ဂါလံကို လှူဒါန်းပေးခဲ့ကြသည်။ အဆိုပါ သောက်သုံးရေလှူဒါန်းပေးခြင်းကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေး၊ ပြန်/ဆက်