ဥတ္တရသီရိ ဧပြီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဝဇီရာနန္ဒသုဗောဓာရုံ ကျောင်းတိုက် ရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက အဆိုပါ ကျောင်းတိုက်တွင် ဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးမင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝါဝါညွှန့်ရွှေ တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း၍ ကျောင်းတိုက်အတွင်းရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော်(၅၈)ပါးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးခဲ့သည်။
ဥတ္တရသီရိမြို့နယ်အနေဖြင့် ကာကွယ်ဆေး(Sinovac) ထိုးနှံပေးမည့် သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၅၀၀)ပါး ကျော်ရှိပြီး ကျန်ရှိနေသေးသည့် သံဃာတော်နှင့် သီလရှင်များကိုလည်း ဆက်လက်ထိုးနှံပေးမည့်အပြင် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား ကျောင်းပြင်ပ ကလေးငယ် များကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အောင်ကို(ပြန်/ဆက်)