ရွာငံ ဧပြီ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး စာသင်တိုက်များရှိ စာဝါလိုက် အသက် ၁၅ နှစ်မှ၁၈ နှစ်အထိ ရှင်သာမဏေများနှင့် သီလရှင်ဆရာ လေးများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ စာသင် တိုက် အသီးသီးများ၌ ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံမှုတွင် မြို့နယ် ကိုဗစ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ရွာငံမြို့ ရွာမရပ်ကွက်ရှိ ရွှေပွင့်လင်းစာသင်တိုက်၊ ရွှေပေါ်ကျွန်းစာသင်တိုက်၊ ကရင်တောင်စာသင်တိုက်နှင့်ဗြဟ္မဂူ ပညာရေး ကျောင်းမှ အသက် ၁၅ နှစ်မှ၁၈ နှစ် အထိရှင်သာမဏေများနှင့် သီလရှင်ဆရာ လေးများကို ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနပေးခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှ ဝန်ထမ်းများ၊ ဒေါ်အေးအေးဝင်း ဦးဆောင်သောကျန်းမာရေး ဝန်ထမ်းများက ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်း ကျန်ရှိသော စာသင်တိုက်များရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ်ရှိ ရှင်သာမဏေများနှင့် သီလရှင်ဆရာလေးများအား ဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက် (ရွာငံ)