နွားထိုးကြီး ဧပြီ ၁၈
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ် မိခင်ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက်အကူပြု အသင်းနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ Covishleld အမျိုးအစားဖြစ်ပြီးအသက် (၁၈)နှစ်အထက ပြည်သူများကို ဆေးတစ်လုံးလျှင် လူ(၁၁)ဦး (11 Dose) ထိုးနှံလျက်ရှိရာ အသက် (၁၈)နှစ် အထက် ပြည်သူ(၁၅၀၄၁၁)ဦးလျာထားပြီး ယနေ့တွင်(၂၉၂၆)ဦး ထိုးနှံပေးသည်။ ယနေ့အထိ စုစုပေါင်း (၁၁၄၀၁၃)ဦး ဆေးထိုးပြီးဖြစ်၍ ကျန်ရှိသူ (၂၈၅၇၇)ဦးဖြစ်ရာ ၇၅.၈၀ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်