တာမွေ ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ဗညားဒလလမ်းပေါ်ရှိ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံကြီးအား အများ ပြည်သူများ လွတ်လပ်ပေါ့ပါးစွာ စိတ်အပန်းဖြေ ကြည့်ရှုနိုင်စေ ရေးအတွက် ဧပြီ(၁၇)ရက် (မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ မြန်မာ နှစ်ဆန်းတစ်ရက်နေ့)မှစတင်ကာ ပြန်လည်ဖွင့်လှစ်ပြသပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ပြည်သူများသာမက ရုပ်ရှင်ကြည့် ပရိသတ်များ တစ်ခဲနက် လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
“ရုပ်ရှင်ရုံမှာလည်း ရုပ်ရှင်လာမကြည့်ရတာ ကြာပြီဖြစ်တာရယ်၊ အခုတင်ထားတဲ့ ဇာတ်ကားလေးကိုလည်း အရမ်းကြိုက် တာရယ်ကြောင့် အခုလို လာရောက်ကြည့်ရှုဖြစ်တာပါ။ အခုခေတ်မှာ ရုပ်ရှင်ဇာတ်ကားတော်တော် များများကို အိမ်မှာနေပြီး မိုဘိုင်းဖုန်းကနေ ကြည့်လို့ရတယ ်ဆိုပေမဲ့လည်း ရုပ်ရှင်ရုံမှာ ကိုယ်တိုင်လာရောက် ကြည့်ရှု တာနဲ့ အရသာက မတူပါဘူး။ ဒီရုပ်ရှင်ရုံတွေမှာက နောက်ဆုံးပေါ်နည်းပညာတွေကိုသုံးပြီး ရုပ်သံပြသတဲ့စနစ်ကို သုံးထား တဲ့အတွက် ကိုယ်ကိုယ်တိုင်အပြင်မှာ တကယ်ဖြစ်နေတဲ့အတိုင်း ခံစားရတာဆိုတော့ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ် ချင်ပါတယ် ” ဟု အဆိုပါ မင်္ဂလာရုပ်ရှင်ရုံတွင် ရုပ်ရှင်လာရောက်ကြည့်ရှုသူ ရုပ်ရှင်ကြည့် ပရိသတ်တစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယခင်က မင်္ဂလာ အဆင့်မြင့်ရုပ်ရှင်ရုံနှင့် Mega Ace (ရွှေဗဟိုရ် ရုပ်ရှင်ရုံ) နှစ်ရုံတို့တွင် မြန်မာရုပ်ရှင်ဇာတ်ကားများနှင့် နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများကို ဖွင့်လှစ်ပြသခဲ့ရာမှ မြန်မာ့နိုင်ငံ တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာမှုကြောင့် အဆိုပါရုပ်ရှင်ရုံ နှစ်ရုံအပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများအားလုံးကို ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာသဖြင့် တာမွေမြို့နယ်ရှိ မင်္ဂလာရုပ်ရှင်ရုံအပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ ရုပ်ရှင်ရုံများအား မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှစတင်ကာ ဖွင့်လှစ်ပြသပေးလျက်ရှိပြီး အဆိုပါ တာမွေမြို့နယ်ရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံတွင် နံနက်(၁၀)နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ(၁၂)နာရီခွဲတွင် တစ်ကြိမ်၊ ညနေ(၃)နာရီခွဲတွင်တစ်ကြိမ်၊ ညနေ(၆)နာရီခွဲတွင် တစ်ကြိမ် ပွဲချိန် (၄)ချိန် သတ်မှတ်ထားကာ ဝင်ကြေးနှုန်းထားများအနေဖြင့်လည်း အနည်းဆုံး ငွေကျပ်၁၅၀၀/- မှ အများဆုံး ငွေကျပ် ၃၅၀၀/- အထိသာ ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နိုင်လင်းအောင်