ဆီဆိုင် ဧပြီ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ နှစ်သစ်ကူး မင်္ဂလာပွဲအဖြစ် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီ ၁၇ ရက် နံနက် ၅ နာရီက ဇဝနာရာမစာသင်ကျောင်းတိုက်မှ မြို့မဈေးတစ်ပတ်လှည့်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်း သိရသည်။
မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့နယ်အတွင်းရှိ ဇဝနာရာမစာသင် ကျောင်းတိုက်၊ ဥတ္တရာရုံစာသင်ကျောင်းတိုက်၊ သာသနာလင်္ကာရကျောင်းတိုက်တို့မှ သံဃာတော် (၃၉၆)ပါး တို့က ကြွရောက်ချီးမြှင့်ပေးခဲ့သည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံ ပြည်သူများအပါအဝင် ရပ်ဝေးရပ်နီးမှ စေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန် (၁၆၀)အိတ်နှင့် ဝတ္ထုငွေ ကျပ်(၁၃၇၇၄၅၀)တို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)