ပန်းတနော်မြို့၌ ဘေးအန္တရာယ် ကင်းရှင်းစေရေး ပရိတ်ရေများ လိုက်လံပက်ဖျန်း

ပန်းတနော် ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၁၃၈၃ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ညနေပိုင်းတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ  မြို့ပေါ်ရပ်ကွက်များတွင် အန္တရာယ်ကင်း ပရိတ်ရေများ လိုက်လံပက်ဖျန်းလျက်ရှိသည်။

ထိုသို့ လိုက်လံပက်ဖျန်းရာတွင် ​ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူများနှစ်သစ်တွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ရောဂါဘယ ကင်းဝေးစေရေးအတွက် ဆရာတော်သံဃာ​တော် အရှင်သူမြတ်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်း၊ မြို့ပေါ် ရပ်ကွက်များရှိ လမ်းမများတွင် အန္တရာယ်ကင်းပရိတ်ရေများ လိုက်လံပျက်ဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)