ညောင်ဦးမြို့နယ် နဂါးကျစ်ဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားများအား ဘိုးဘွားပူဇော်ပွဲ ကျင်းပ

ညောင်ဦး  ဧပြီ  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် နဂါးကျစ်ဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုး ဘွားများအား ဘိုးဘွားပူဇော်ပွဲကို ယမန်နေ့ မြန်မာနှစ်ဆန်း()ရက်နေ့ နံနက် ၉ နာရီ ခွဲ အချိန်တွင် တကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ကြီးဘိုးဘွားပူဇော်ပွဲအခမ်းအနားတွင် နမောတဿ () ကြိမ် ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားဖွင့်လှစ်သည်။ ပြီးတော့ အဘိုးအဘွားတို့အား ဩကာသကန် တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး အဘိုးအဘွားတို့အား ကန်တော့ပစ္စည်းများ ပေးအပ် ကြကာ နဂါးကျစ်ဘိုးဘွားရိပ်သာအတွက် ထာဝရငွေပဒေသာပင် လေးသိန်းအား ညောင် ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်မှပေးအပ်လှူဒါန်းရာ နဂါးကျစ်ဘိုးဘွားရိပ် သာတာဝန်ရှိသူများက လက်ခံရယူသည်။ မြန်မာနှစ်ဆန်း () ရက်နေ့ သက်ကြီးဘိုးဘွား များပူဇော်ပွဲသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ဒုတိယညွှန် ကြားရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အရပ်ဘက် အဖွဲ့အစည်းများ တက် ရောက် ကန်တော့ကြကြောင်းသိရပြီး နဂါးကျစ်ဘိုးဘွားရိပ်သာတွင် အဘိုး ၆ ဦးနှင့် အဘွား ၁၄ ဦး၊ စုစုပေါင်း ၂၀ ဦးရှိကြောင်း သိရသည်။

ကိုထိန်၊ KPD