ပင်းတယ ဧပြီ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဘုန်းတော် ကြီးကျောင်းများမှ အသက် ၁၅နှစ် နှင့် ၁၈နှစ်ကြား ကိုရင်နှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကိုယမန်နေ့က စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန့်နေ့ နံနက် ၉နာရီက ပင်းတယမြို့ ရွာသစ်ရပ်ကွက်ရှိ စေတီကြီးဘုန်းတော်ကြီး စာသင်တိုက်ရှိ ကိုရင်စုစုပေါင်း ၂၀ ပါးတို့အား ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံပေးခဲ့ကြပြီး၊ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူ များကလိုအပ်သည်များကို လာရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး၊ ပင်းတယမြို့နယ် အနေနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ကိုရင်နှင့်သီလရှင်များကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်းလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပင်းတယ (ပြန်/ဆက်)