မြင်းခြံ ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး သက်ကြီးဘိုးဘွားများအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။ ထို့နောက် သက်ကြီးဘိုးဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင့်ဇော်ခိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လှူဒါန်းငွေများနှင့် ကန်တော့ပစ္စည်းများ အသီး သီး ပေးအပ်လှူဒါန်းခဲ့ကြသည်။
လှူဒါန်းမှုအပြီးတွင် သက်ကြီးဘိုးဘွားများ ကိုယ်စား အမှတ် (၁၄) ရပ်ကွက်မှ အဘိုး ဦးခင်လှိုင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ မြင်းခြံမြို့တွင် ရပ်ကွက်ပေါင်း (၂၀) မှ အဘိုး (၁၆) ဦး၊ အဘွား (၆၅) ဦးအား လှူဒါန်းပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)