သိန္နီမြို့နယ်တွင် အသက်(၁၅)နှစ်နှင့်(၁၈)နှစ်ကြား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးSinovac ထိုးနှံ

သိန္နီ ဧပြီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း အသက်(၁၅)နှစ်နှင့်(၁၈)နှစ်ကြား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ စတင်ထိုးနှံပေး လျက်ရှိသည်။

ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် သိန္နီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းထွန်း၏ ကြီးကြပ်မှုဖြင့် Community Base အနေဖြင့် ထိုးှံခြင်းဖြစ်သည်။ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်မြို့နယ်လုံး ထိုးနှံပြီးစီးရေးအတွက် ဌာနဆိုင်ရာများပါဝင်သော အစုအဖွဲ့များ၊ ဆေးထိုးစုရပ်များဖွဲ့၍ ထိုးနှံပေး ခြင်းရှိသကဲ့သို့ ကျေးရွာများအရောက် Mobile စနစ်ဖြင့် သွားရောက်ထိုးနှံပေးခြင်းများလည်း ဆောင်ရွက်လျက်ရှိသည်။ သိန္နီမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် လူဉီးရေ(၁၀၀၀၀)ကျော် ကျန်ရှိနေသေးကြောင်း၊ ကျန်ရှိသူများအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး ဆေးထိုးစုရပ်တွင် ပါဝင်သောအစုအဖွဲ့များ၊ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အားထည့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စောဥမ္မာ (သိန္နီ)