ဟိုပုံး ဧပြီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မဟာသင်္ကြန်မဏ္ဍပ်နှင့် ဟိုပုံး-ဆီဆိုင် ပြည်ထောင်စုလမ်းမကြီး၊ ဟိုပုံးမြို့မရေလွှဲဆည်တို့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားသူများနှင့် သင်္ကြန်ချစ်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် နှစ်စဉ်နှစ်ဆန်းတစ်ရက်နေ့အထိ ရေကစားလျက်ရှိပြီး ဗဟိုဏ္ဍပ်၌ ခေတ်ပေါ် ပအိုဝ်းတေးသီချင်းသီဆိုမှုများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိရာ မဟာသင်္ကြန်ချစ်သူများ လာရောက်လည်ပတ်ကြပြီး ပျော်ရွှင်စွာကခုန်ရေကစားသူများဖြင့် စည်ကားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မုန့်လက်ဆောင် စတုဒိသာများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)