အသက် (၁၅)နှစ်မှ (၁၈)နှစ်အတွင်းရှိသူများကို ကိုဗစ်-၁၉ကာကွယ်ဆေး ညောင်ရွှေ၌ ထိုးနှံ

ညောင်ရွှေ ဧပြီ ၁၈

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း အသက် (၁၅)နှစ်မှ (၁၈)နှစ်အတွင်းရှိသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ ညောင်ရွှေမြို့ရှိ ပရိယတ္တိစာသင်တိုက် များမှ သံဃာတော်များကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ပြီး ကန်ကြီးပရိယတ္တိစာသင်တိုက်၊ ရွှေဂူပရိယတ္တိ စာသင်တိုက်နှင့် လှိုင်ကြူပရိယတ္တိစာသင်တိုက်တို့မှ သံဃာတော် ၇၂ ပါးကို Sinovac အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်