ညောင်ဦးမြို့နယ်၌ ရေကန်များ ကန်ဆယ်၊ ကန်ဆင့်ခြင်းများဖြင့် နှစ်ဦးကုသိုလ်ပြုလုပ်မှု များနေ

ညောင်ဦး  ဧပြီ  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မြို့ပြ၊ကျေးလက်ဒေသများတွင် မြန်မာ နှစ်ဦး ကုသိုလ်အဖြစ် နှစ်ဆန်း ၁ ရက်နေ့နှင့်နှစ်ဆန်း ၂ ရက်နေ့တို့တွင် ရေကန်များ၌ ကန် ဆယ်ခြင်း၊ ကန်ဆင့်ခြင်းများဖြင့်နှစ်ဦးကုသိုလ်ပြုလုပ်မှုများလျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့နယ်သည် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင်ရှိသည့် မြို့နယ်ဖြစ်ကာ ကျေးလက်ဒေသရှိ သောက်သုံးရေကန်ကြီးများ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေး ဟောင်း ရေကန်ကြီးများအား ဒေသခံပြည်သူများမှ နှစ်ဦးကုသိုလ်အဖြစ် ကန်ဆယ်၊ ကန်ဆင့်ခြင်းများဖြင့် ကုသိုလ်ပြုလုပ်လျက်ရှိရာ အနောက်ဖွားစောကျေးရွာရှိ ကန်သစ်ကန်၊ ဖျောက်ဆိပ်ပင်ကျေးရွာရှိ ရွာဦးကန်တို့အား ကန်ဆယ်ခြင်းဖြင့်နှစ်ဦးကုသိုလ်ပြုလုပ် မှုများပြားလျက်ရှိကြောင်း ဖျောက်ဆိပ်ပင်ကျေးရွာ ဒေါ်နွဲ့နွဲ့ဝင်းကပြောကြားသည်။ ကျေး လက်ဒေသများတွင်ရှိ သောက်သုံးရေကန်ကြီးများအား ရေခန်းခြောက်ချိန်တွင် ကုသိုလ်ရှင်များမှ အကျွေးအမွေးဖြင့် ကန်ဆယ်ယူခြင်း၊ စုပေါင်းကန်ဆယ်ယူခြင်းများဖြင့် ဆယ်ယူလေ့ရှိကြရာ မိုးရာသီရောက်ရှိချိန်တွင် သောက် သုံးရေကန်များထဲရေများဝင်ရောက်ခြင်းဖြင့် သောက်သုံးရေခတ်ယူခြင်း၊ အိမ်မွေးတိရစ္ဆာန်များအား ရေကန်များတွင်ရေသွားတိုက် ခြင်းများပြုကြကြောင်းလည်းသိရကာ ညောင်ဦးမြို့နယ်ရှိ ဒေသခံပြည်သူများ နှစ်ဦးကုသိုလ်အဖြစ် ရေကန်ဆယ်ယူခြင်းများဖြင့် ကုသိုလ်ပြုကြကြောင်း သိရသည်။

ကိုထိန်၊KPD