တနိုင်း ဧပြီ ၁၈
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် (၁၃၈၄) ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ နံနက်(၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို မြို့ပေါ်ရပ်ကွက်များမှ ဆရာတော် သံဃာတော်(၆)ပါးက ရွတ်ဖတ်သရဇ္ဇယ်တော်မူကြပြီး ကုသိုလ်ယူ တရားနာခဲ့ကြသည်။
ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြကာ မြန်မာနှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး တေဇာအောင်၊ အတွင်းရေးမှူး ရဲမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)