သာစည် ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရပ်ကွက်/ကျေးရွာများ၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြုလုပ်ကြမြဲဖြစ်သော အန္တရာယ်ကင်းပရိတ်ရွတ်ခြင်းနှင့် ပရိတ်တရားနာယူခြင်းများကို ယမန်နေ့က မိမိတို့ရပ်ကွက်/ကျေးရွာများအလိုက် ပြုလုပ်ကြကြောင်း သိရသည်။
ကျွန်တော်တို့ အမှတ်(၄)ရပ်ကွက်ကတော့ နှစ်ဆန်းတစ်ရက်နေ့ညနေပိုင်းမှာ ဆရာတော်သံဃာ တော်ငါးပါးပင့်ပြီးရပ်ကွက်ရဲ့ ထောင့်လေးထောင့်မှာ အန္တရာယ်ကင်းပရိတ်ရွတ်ခြင်းနှင့်ပရိတ် တရားနာယူခြင်းများကို ပြုလုပ်ပါတယ် အဲ့လိုပြုလုပ်တဲ့အခါမှာ ရပ်ကွက်မှာရှိတဲ့အလှူရှင်တွေ စုပေါင်းပြီး ဆရာတော်သံဃာတော်များကို လှူဖွယ်ဝတ္ထုတွေ တတ်နိုင်သလောက်လှူဒါန်း ကုသိုလ်ယူကြပြီး ပရိတ်တရားနာယူကြပါတယ် ဒီလိုလုပ်တာကလည်းအရင်ကတည်းက ပြုလုပ် မြဲဖြစ်ကြောင်းကို ပါဝင်ကုသိုလ်ယူဆောင်ရွက်နေသူတစ်ဦးကပြောသည်။
သာစည်မြို့နယ်တွင် နှစ်စဉ်မြန်မာနှစ်ဆန်းတစ်ရက်နေ့တိုင်း မိမိတို့ရပ်ကွက်/ကျေးရွာများ အလိုက် အန္တရာယ်ကင်းပရိတ်ရွတ်ခြင်းနှင့် ပရိတ်တရားနာယူခြင်းများ ပြုလုပ်လေ့ရှိပြီး အချို့ကမိမိတို့ လမ်းများအလိုက်လည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)