မွန်ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပ

ရန်ကုန် ဧပြီ ၁၈

မြန်မာနှစ်ဆန်း၁ရက်နေ့တွင် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)က ကြီးမှူး၍ (၄၇) ကြိမ်မြောက် မွန်သက်ကြီးပူ‌ဇော်ပွဲကို ယမနနေ့နံနက်ပိုင်းက ‌ရွှေတိဂုံဘုရားလမ်းမွန်ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာမွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်က နှုတ်ခွန်းဆက် စကားပြောကြားပြီး နာယက နိုင်ချစ်‌ဖေက နှစ်သစ်ဆု‌တောင်းစကား‌ ပြောကြားသည်။

ထို့နောက်မြို့နယ် အသီးသီးမှ အသက်၇၅နှစ်အထက် မွန်ဘိုး၊ဘွား၄၁ဦးအား မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှ လှူဒါန်း ငွေများဖြင့် ကန်‌တော့ပြီး၊ မွန်လူငယ်များက ဘိုးဘွားများအား သ‌ပြေခက်ဖြင့်‌ ပက်ဖြန်းကြကြောင်း သိရသည်။

​အောင်မြင့်