လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သံဃာတော် အရှင်သူမြတ်များက နှစ်ဦးပရိတ် တရားတော် နာယူပူဇော်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အမှတ်(၆)ရပ်ကွက် အောင်မြေသာယာဘုရား၊ အရှေ့မုဒ်တွင် အန္တရာယ် ကင်း ပရိတ်တရားတော် နာယူပူဇော်ပွဲ ကျင်းပပြုလုပ်သည်။
ရှေးဉီးစွာ မြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ် ( ၄ ) ပါးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ် တရားတော်များနာယူပြီး သံဃာတော် အရှင်မြတ်တို့အား လှူဖွယ်ဝတ္ထုများ လှူဒါန်းသည်။ ထို့နောက် မြေသာယာဘုရားဝန်ရှိ စေတီပုထိုး ဘုရားများအား ရေသပ္ပာယ် ပူဇော်ကြသည်။
အဆိုပါ နှစ်ဦးအန္တရာယ်ကင်း ပရိတ်တရားတော်နာယူ ပူဇော်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဉီးခိုင်မင်းကို အဖွဲ့ဝင် (၁) ဗိုလ်မှူးကြည်သာဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်း၊ မြို့နယ် သာသနာရေးဆိုင်ရာ ဦးစီမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ အကြီးအကဲများနှင့် ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ယောဂီအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ကြသည်။
ခင်ဝင်းမူ