သင်္ဃန်းကျွန်း ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်း တစ်ရက်နေ့ဖြစ်သည့် ယမန်နေ့နံနက်ပိုင်း အချိန်မှစ၍ အေးချမ်းစွာဖြင့် ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျိုက္ကစံဆံတော်ရှင်စေတီတော်၊ ရွှေနားပန်ဘုရား၊ ကျိုက်ဒေးယုံအာနန္ဒာဘုရား၊ ရန်မျိုးအောင် စေတီတော်မြတ်ကြီး၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ရပ်ကွက်အလိုက် ဓမ္မာရုံများသို့ သက်ကြီးရွယ်အို အဘိုး/ အဘွား များနှင့် ဒေသခံပြည်သူများမှ သွားရောက်ပြီးမြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၌ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေးချမ်းသာယာစွာ ကောင်းမှု ကုသိုလ်ပွား များ အားထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
စန္ဒာမိုး