တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာဘုရားသို့ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကား

တောင်ကြီး    ဧပြီ     ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၏ သမိုင်းဝင် တန်ခိုးကြီးဘုရားဖြစ်သော စူဠာမုနိ လောကချမ်းသာ ဘုရားwGif မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဘုရားဖူးလာရောက်ကြသော ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဘုရားဖူးပြည်သူများအနေဖြင့် ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စူဠာမုနိလောကချမ်းသာဘုရား ဘက်စုံမွမ်းမံရေးအတွက် အလှူငွေထည့်ဝင်ခြင်း၊ ပြုပြုသမျှ ကုသိုလ်များကို ခေါင်းလောင်းထိုးအမျှပေးဝေခြင်းစသည့် ကုသိုလ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ထို့အတူ မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ တောင်ကြီးမြို့နယ်အတွင်းရှိ တန်ခိုးကြီးထင်ရှား ရွှေဘုန်းပွင့်ဘုရားသို့ ဘုရားဖူးလာရောက်ကြသူများ၊ ဘုန်းကြီးကျောင်းများတွင် ငါးပါးသီလခံယူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်ခြင်း၊ ဆွမ်းခဲဖွယ်များ ဆက်ကပ်ခြင်းနှင့် ဘုန်းကြီးကျောင်းတက်လာကြသူများအား အလှူရှင်များမှ စတုဒိသာကျွေးမွေးခြင်းများ ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။

ဇော်နိုင်လင်း