ဘူးသီးတောင်မြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ရေပက်ကစားသူများဖြင့်စည်ကား

ဘူးသီးတောင် ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ရှိရပ်ကွက်များအတွင်းရှိ အိမ်ရှေ့ရေကစား မဏ္ဍပ်ငယ်များ၌ နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့ ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ရေပက် ကစားသူများဖြင့် စည်ကားလျက်ရှိသည်။

 မြို့နယ်အတွင်းရှိကျေးရွာများတွင် မဟာသင်္ကြန်အတက်နေ့တွင် ရေကစားမဏ္ဍပ်များ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားသူများ၊ မိသားစုဝင်များ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ် ချင်းများစုပေါင်းကာ မဏ္ဍပ်များသို့လှည့်လည်၍ ရေပက်ခံကစားလျှက်ရှိကြပြီး ယနေ့၌မြို့ပေါ် ရပ်ကွက်များ အတွင်းရှိ လမ်းဘေးစုပေါင်း ရေကစားမဏ္ဍပ်ငယ်များတွင် မောင်တောမြို့နယ်များမှ လာရောက်ရေကစားသူများနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးမှ ရေကစားသူများ/ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

လှကျော်(ပြန်/ဆက်)