တောင်ကုတ်မြို့တွင် မဟာသင်္ကြန်အတက်နေ့၌ ရေပက်ကစားသူများနှင့် အထူးစည်ကား

တောင်ကုတ် ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်မှစ၍ ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အတက်နေ့၌ ရပ်ကွက်များတွင် ဆောက်လုပ်ထားသော ရေကစားမဏ္ဍပ်များတွင် လည်းကောင်း၊ လမ်းအလိုက် ဆောက်လုပ်ထားသော မဏ္ဍပ်ငယ်များနှင့် ကုတင် (၁၀၀)ပြည်သူ့ဆေးရုံကြီးရှေ့ရှိ ကျန်းမာရေးဝန်ထမ်းများ၏ ရေကစားမဏ္ဍပ် တွင်လည်းကောင်း ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကြားလျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်အတက်နေ့တွင် ရေပက်ခံထွက်သူ၊ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည့် အတွက်  မြို့တွင်းလမ်းမကြီးများ ပိတ်ဆို့သည်ထိ စည်ကားခဲ့ကြောင်း၊ လူကြီးလူငယ်များ နှစ်သစ်ကူး မဟာသင်္ကြန်တွင် ပျော်ရွှင်ကြသည်ကို မြင်တွေ့ရ၍ ဝမ်းသာကြောင်း မြို့မိမြို့ဖတစ်ဦးထံမှ သိရသည်။

တောင်ကုတ်မြို့တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း မရှိသော်လည်း သင်္ကြန်ချစ်သူများ စုပေါင်း၍ ရပ်ကွက် အလိုက်ဆောက်လုပ်ထားသော ရေကစားမဏ္ဍပ်များရှိရာ အဆိုပါမဏ္ဍပ်များတွင် ရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများအနေဖြင့် ရိုးရာအစဉ်လာမပျက် ရေပက်ကစားလျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်