မော်လမြိုင် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အကြတ်နေ့၌ မော်လမြိုင် မြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ရေပက်ခံကစား သူများ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၊ စတုဒိသာမုန့်များဖြင့် ဘုရားဖူးလာပြည်သူများအား အလှူ ဒါနပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်၊၊
အတာသင်္ကြန်အတက်နေ့ အခါသမယတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ အထင်ကရနေရာများ နှင့် ရပ်ကွက်/ကျေးရွာများတွင် စတုဒီတာ ကျွေးမွေးဧည့်ခံခြင်း၊ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်များ၊ သုံးဘီးမော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ခြင်း၊ လူငယ်များမှ လည်း လမ်းလျှောက်ကာ လှည့်လည်၍ ရေပက်ခံထွက်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရ သည်။
အလားတူ မော်လမြိုင်မြို့၊ ကမ်းနားလမ်း ဗဟိုမဏ္ဍပ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများက အောင်သပြေ ခက်ဖြင့် အတာရေအေးပက်ဖြန်းခဲ့ကြပြီး ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆို ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
မွန်ပြည်နယ်အတွင်းမှ ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကြပါစေ၊ ငြိမ်းချမ်းသာယာစွာဖြင့် မေတ္တာဖြန့် ကျက်နိုင်ပါစေကြောင်း နှစ်သစ်ကူးဆုတောင်း ပတ္တနာပြု တိုက်တွန်း၍ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ကျန်းမာရေး စည်းမျဉ်း စည်းကမ်းနှင့် ဆောင်ရွက်နိုင်ရေးနှင့် နှစ်သစ်စတန်ခူးလ၏ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်၍ အေးချမ်းမှုကိုပေးစေရန်၊ ကြည်လင်အေးမြသည့် သီတာရေစင်ဖြင့် တစ်ဦးကို တစ်ဦး ကြည်နူးသိမ်မွေ့စွာ ပက်ဖျန်း၍ ပျော်ရွှင်စွာ ရေကစားကြသည့် ရိုးရာယဉ်ကျေး မှုပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့် ပြန်/ဆက်