မအီ ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ဒါနပြုသူများ၊ ရပ်ကွက်/ ကျေးရွာများအတွင်း စတုဒိသာဧည့်ခံကျွေးသူများရှိပြီး မအီမြို့ရှိ အထင်ကရနေရာများရှိ မဏ္ဍပ်ငယ်များနှင့် မအီမြို့လယ် ရန်ကုန်-ကျောက်ဖြူလမ်းမဘေးရှိ မြို့မဗဟိုမဏ္ဍပ်တွင် သီဆိုကပြဖျော်ဖြေ တင်ဆက်မှုများဖြင့် အတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသူများ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့မဗဟိုမဏ္ဍပ်သို့ မအီမြို့ပေါ်ပြည်သူများနှင့် မအီမြို့ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများက အေးချမ်းပျော်ရွှင်စွာ အတာရေပက်ဖျန်းရေကစားခဲ့ကြပြီး ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ စတုဒိသာများကျွေးမွေးခြင်း၊ အေးချမ်းပျော်ရွှင်စွာ အတာရေပက်ဖျန်း ကစားခြင်း၊ တောင်ကုတ်မြို့မှ FINGERS PLUS တီးဝိုင်းဖြင့် ဧည့်ခံသီဆိုဖျော်ဖြေ တင်ဆက်ခြင်း များဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)