မတ္တရာမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့တွင် ဘုရားကျောင်းကန်များ၌ ဥပုသ်သီလ ဆောက်တည်သူ စတုဒိသာကျေးမွေးသူများဖြင့် စည်ကားလျက်ရှိ

မတ္တရာ   ဧပြီ ၁၆

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့တွင် ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများတွင်  ဥပုသ်သီလဆောက်တည်သူ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားများ၌ ဒုလ္လဘ ရဟန်းဝတ်သူများ၊ ဥပုသ်သီလဆောက်တည်သူများ၊ စတုဒိသာကျွေးမွေးသူများ၊ ဆွမ်းကပ်လှူ သူများဖြင့် မဟာသင်္ကြန်ကာလ အကြိုနေ့မှစ၍ ယနေ့အတက်နေ့အထိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ နေ့စဉ် စည်ကားလျက်ရှိသည်။

မတ္တရာမြို့ပေါ်တွင် ရေကစားမဏ္ဍပ်များမရှိသော်လည်း နေအိမ်များရှေ့တွင် မိသားစုလိုက် ပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)