မြောက်ဦးမြို့တွင် မြန်မာရိုးရာ နှစ်သစ်ကူးသင်္ကြန်အတက်နေ့ မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲ

မြောက်ဦး ဧပြီ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ မဟာသင်္ကြန်နှစ်သစ်ကူး အတက်နေ့ ရခိုင့်ရိုးရာယဉ်ကျေးမှု ရေကစားမဏ္ဍပ်များနှင့် မြို့ပေါ်ရပ်ကွက်များတွင် ကားများနှင့် ရေပက်ခံ ထွက်သူများသည် ယနေ့နေ့လယ်ပိုင်းအချိန်တွင် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရခိုင်ရိုးရာမဟာသင်္ကြန် အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း ရေကစားမဏ္ဍပ်များ၌ ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များရှိ လမ်းများ၊ နေအိမ်များ ရှေ့တွင်လည်း ရေကစား မဏ္ဍပ်ငယ် များတွင် မိသားစုဝင်များ၊ သူငယ်ချင်း အပေါင်းအဖော်များဖြင့် လမ်းသွားလမ်းလာ ပြည်သူများ၊ မော်တော်ယဉ်များ၊ နွားလည်းများ၊ သုံးဘီးမော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ခြင်းနှင့် လူငယ်များမှလည်း လမ်းလျှောက်ကာ လှည့်လည်၍ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။

မြင့်စိုး