လှည်းကူး ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်အတက်နေ့၌ လှည်းကူးမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျှက်ရှိကြောင်းသိရသည်။
ရေကစားရာတွင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအဖွဲ့များက အကအလှတေးသံသာများဖြင့် ကပြဖျော်ဖြေကြပြီး ရေပက်ခံအဖွဲ့များက မော်တော်ဆိုင်ကယ်၊ အငှားယာဉ်၊ ကိုယ်ပိုင်ကားတို့ဖြင့် လှည့်လည်ရေပက်ခံပြီး ရေကစားမဏ္ဍပ်အတွင်းရှိ စတုဒိသာများ ဝင်ရောက်သုံးဆောင် ရေပက်ခံထွက်ကြောင်း သိရသည်။
အေးအေးနွဲ့(လှည်းကူး)