မဟာသင်္ကြန်အတက်နေ့၌ ရေပက်ခံကစားသူများနှင့် စတုဒီတာကျွေးမွေးသူများဖြင့် အထူးစည်ကားနေ

သံဖြူဇရပ် ဧပြီ ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မဟာသကြန်အတက်နေ့၌ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ရေပက်ကစားသူများနှင့် ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ယနေ့သင်္ကြန်အတက်နေ့တွင် တန်ခိုးကြီးဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများ၌ မြန်မာတို့၏ ထုံးတမ်းအစဉ်အလာ အရကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများ၊ စတုဒိသာမဏ္ဍပ်များ၌ သင်္ကြန်ရိုးရာအစားအစာများဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများနှင့် ရေပက်ခံထွက်သူများအား ကျွေးမွေးကာလာရောက် စားသုံးသူပြည်သူများဖြင့် စည်ကားလျက်ရှိပြီး မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၌ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရေကစားသူများနှင့် ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)