မုဒုံ ဧပြီ ၁၆
၁၃၈၃ ခုနှစ် မဟာသင်္ကြန်အတက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကစားမဏ္ဍပ်ငယ်များ၌ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူ များ၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။
နှစ်သစ်ကူးမဟာသင်္ကြန် အချိန်ကာလတွင် တန်ခိုးကြီးဘုရားစေတီများနှင့် မြို့နယ်အ တွင်းရှိ ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ တရား စခန်းများတွင်လည်း တရားဘာဝနာအားထုတ်ကြသူများ ရေကစား မဏ္ဍပ်ငယ်များတွင် အတာရေကစားကြသူများ၊ ရေပက်ခံထွက်သူများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓ လေ့ထုံးတမ်းနှင့်အညီ အစဉ်အလာကောင်းများကို ထိန်းသိမ်းကာ အတာရေသဘင်ပွဲတော်ကို ပြည်သူများက အေးချမ်းပျော်ရွှင်စွာဆင်နွှဲ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ စတုဒီသာ (မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊မုန့်လက်ဆောင်း) စသည့်တို့ကို ကျွေးမွေးဧည့်ခံ လှူဒါန်းခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)ၐ